မေတ္တာသဘော-၂-
ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည်ပူပန်ခြင်းဝေဒနာကို ဖြစ်စေသော ကြောင့်၊ စုံလင်သော မေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၄း၁၈
ချစ်ခြင်းမေတ္တာ လို့ မယူဆအပ်တဲ့ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာ နှင့် အတူတွဲလျက် ရှိနေမှာ မဟုတ်တဲ့ အကြောင်းအရာလေး တစ်ခုရှိတယ်။ သံဝေဂဆိုတာပါ။ အဲဒါကို ဆင်ခြင်ခြင်းလို့ပြောမလား၊ နောက်တွန့်မှုလို့ ပြောမလား၊ ဒါမှမဟုတ် နောင်တလား၊ သံသယလား၊ မယုံကြည်ရမှုလား။
မေတ္တာဟာသန့်ပါတယ်။
သီချင်းတစ်ပုဒ်ထဲကလို ပြောရရင် အသက်စွန့်ပြီးချစ်သွားမယ်။
God Bless You
Brother Aung