(၁)မေတ္တာသဘော-၁-

(၁)မေတ္တာသဘော-၁-
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ ၅လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ၇ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ ၈မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ 
ကောရိန်သုသြ၀ါဒစာပထမစောင် ၁၃း၎-၈  
လူတိုင်းမှာ မေတ္တာဓါတ်ခံလေးတော့ရှိကြပါတယ်။ အသွားအပြန်၊ အတုံ့အလှည့်လေးတွေလည်း မျှော်လင့်တတ်ကြပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့မေတ္တာဟာ ကိုယ့်ရဲ့ စံ ပေတံ တစ်ခုတော့မဟုတ်ဘူး၊ ပမာဏကိုတိုင်းတာလို့ မရဘူး။ ဘယ်လိုပဲပြောပြော ကိုယ်ရဲ့မေတ္တာကို တစ်ပါးသူတွေကတော့ သူတို့ရဲ့ ပေတံ အမျိုးမျိုးနဲ့ တိုင်းတာကြမှာပါ။
God Bless You
Brother Aung